အသက်၆၅နှစ်အထက်ဘိုးဘွားများနှင့်ပြည်သူ့များအား ကျေးရွာအရောက်ကွင်းဆင်း၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ

တွံတေး  သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်၆၅နှစ်အထက်ဘ်ိုးဘွားများကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံ​ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တွံတေးမြို့နယ် ပဒန်ရေကျော်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွားများနှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာအုပ်စုများမှကျေးရွာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုး ကကာကွယ်ဆေးထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ နေထိုင် ကြစေရန်နှင့်အသက်၆၅နှစ်အထက်ဘိုးဘွားများကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြရန် အသိပေးပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင်ဘိုးဘွားများအား သွားလာမှု အဆင်ပြေစေရေးကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကစောင့်ရှောက်ပေးခြင်းကိုယ်အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း သတ်မှတ် အကွာအဝေး နေထိုင်ခြင်းများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့ပြီးအ.မ.က (ပဒန်ရေကျော်)စာသင်ကျောင်းတွင်ပဒန်ရေကျော်၊ဘုရားငူ၊မမျိုးစု၊ခရမ်းဖျား၊ ကျေးရွာများမှ အသက်(၆၅)နှစ်အထက်ဘိုးဘွား( ၂၇)ဦး၊ သာသနာ့ဝန်ထမ်းသံဃာ(၂)ပါး၊ ဝန်ထမ်းမိသားစု( ၃)ဦး၊ ယာဥ်မောင်း( ၁)ဦး၊ စျေးရောင်းသူ( ၁၇၄)ဦးစုစုပေါင်း( ၂၀၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစား(SINOPHARM) ကိုထိုးနှံပေးခဲ့ကြောင်းသိရသည်။