ဝက်လက်မြို့သို့ မန္တလေးမြို့ မြသုခ လူမှုကူညီရေးအသင်းမှ အောက်စီဂျင် အခမဲ့ ဖြန့်ဝေပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အောက်စီဂျင် လိုအပ်နေသော ဒေသခံပြည်သူများကို မန္တလေးမြို့ မြသုခ လူမှုကူရေးအသင်းမှ လာရောက် ၍ ယနေ့ နံနက် ၈ နာရီးအချိန်တွင် မေတ္တာရှင် လူမှုကူးညီးရေးအသင်းမှ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသုံးဦး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံ ဆင်းခွင့်ရသူ ၇၀ ဦးရှိလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဩဂုတ် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၇၀ ဦးအထိ ရှိလာကြောင်း သိရသည်။

မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြသည်။

မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ထားမှုများအား လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင် ၊ မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေးအတွက် အသွားအလာကန့်သတ်ခြင်းများ လိုက်နာဆောင်ရွက်မှုရှိမရှိကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်များလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်  အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့က ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းသိရသည်။

တံတားဦးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၅၄၉၄ ဦး ထိုးနှံပြီးစီး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ် အထက်နှင့် သက်ကြီးရွယ်အိုများ၊ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းအထိ လူဦးရေပေါင်း ၅၄၉၄ ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။

ဝေါမြို့အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ (၄၂၉) ဦးအား အာဆီယံအပေါင်းသုံးနိုင်ငံ၏ အရေးပေါ်ဆန်ရိက္ခာထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ဝေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က ဝေါမြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အာဆီယံအပေါင်းသုံးနိုင်ငံ၏ အရေးပေါ်ဆန်ရိက္ခာအဖွဲ့ အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးအတွက် ထောက်ပံ့ငွေ (၁၂၄၀၃၀၀၀) ကျပ် ခွဲဝေရရှိပါသည်။

နမ့်ဆန်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက်၁၀ နာရီတွင် ပင်စင်လစာ လာရောက်ထုတ်ယူသူများအား ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပရဟိတအသင်း အဖွဲ့တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ်(၁)ရှိ မြေသားရေမြောင်းအား အုတ်စီရေမြောင်းအဖြစ် ပြုလုပ်ဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့   အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ် (၁)ရှိမြေသားရေမြောင်းအဖြစ်မှ  အုတ်စီရေမြောင်းအဖြစ်    မြို့ပတ်လမ်းမှ စာသင်ကျောင်းအထိ   မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Subscribe to