ကျိုင်းတုံ ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့က ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျိုင်းတုံခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားလာပြီး ရောဂါကူးစက်မှု မြင့်တက်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နေ Mr.Ho Chun Chow၊ Nang Laow kham မိသားစု မှ အလှူငွေကျပ် သိန်း (၅၀)၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နေ ဒေါ်သန်းသန်း မိသားစုနှင့် ဒေါက်တာ စိုင်းအောင်ကျော် မိသားစု တို့မှ Kongfian Oxygen Concentrator 10 –L(Dual)၊ Oxygen Mask၊ YRK 10-L (Dual)၊ Virus Cleaner Liquid များနှင့် တာချီလိတ်မြို့ အခြေစိုက် BM May Htan Chage Company သွပ်မိုးပြားနှင့် လိပ်တံခါး စက်ရုံမိသားစု ကိုစိုင်းစိုင်း၊ မနန်းဖောင်းနွန်း မိသားစုမှ FINGERTIP PULSE Oximeter (၉)ခု၊ ထိုင်းနိုင်ငံထုတ် ဆေးခါးရွက်တိုင်းရင်းဆေးဗူး(၁၀၀) တို့ကို ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ရန်ပုံငွေရှာဖွေရေးအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ကျိုင်းတုံမြို့နယ် အတွင်း ကျေးရွာများရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများအား ခက်ခဲမှုမရှိစေရေး အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်းနှင့် ခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများထားရှိသည့် Center များ၊ အသွားအလာကန့်သတ်ထားသူများ ထားရှိသည့် Center များ၊ ကျန်းမာရေးစစ်ဆေးဂိတ်များနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များကို လိုအပ်သည်များ ထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ဆေးရုံများသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)