ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ပြုလုပ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော ကျေးရွာများဖြစ်သည့် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာနှင့် ဆိတ်ဖူးကုန်းကျေးရွာတို့မှ အသက်(၁၆)နှစ်နှင့် (၁၈) နှစ်အကြားနှင့် အသက် (၁၈) နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်က အမက (ကမ္မာရာ) ကျောင်း၌ ကွင်းဆင်းပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး

မိတ္ထီလာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအား ယနေ့ နံနက် ၉ နာရီအချိန်တွင် ထီးသုံးဆင့် ဘုရားဝန်းရှိ အောင်မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လများ ဩဂုတ်လ (၂၃)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးများ ဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများမှ ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင်ရေး အလှူရှင်များကလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကိုလှူဒါန်း လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တပ်စုတစ်စုစာကို ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့စည်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာ နိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးထံမှ သိရသည်။

ကဝမြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းကျဆင်းရေး မြို့အဝင်ဂိတ် များတွင် ကြပ်မတ်စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့၏ မြောက်ဘက် (ကဝ-ထုံးကြီး) ပဲခူးမြစ်ကူး တံတားအနီးရှိ မြို့အဝင်ဂိတ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အရှိန်အဟုန်မြှင့်၍ ကာကွယ်ထိန်းချုပ်လျက်ရှိရာ မြို့နယ် ပြင်ပ ထွက်ခွာသူများနှင့် မြို့တွင်းဝင်ရောက်လာကြသူများအား ကြပ်မတ်စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီမှ ၁၆ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ဘုန်း​တော်ကြီး​ကျောင်း၊ သာသနာ့နွယ်ဝင် သီလရှင်​​​ကျောင်းနှင့် အိမ်​ထောင်စု (၁၀၀၀)စုတို့အတွက် ကာလဒါနလှူဒါန်း

ရန်ကုန်တိုင်း​ဒေသကြီး​၊ ​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်၁၉-​ရောဂါ ကာကွယ်​ရေးနှင့်ကုသ​ရေး အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်၁၉-​ရောဂါ ကာကွယ်​ရေးနှင့် ကုသ​ရေး မြို့နယ်အ​ထောက်အကူပြုအဖွဲ့မှ ဦး​ဆောင်၍ မြို့နယ်အတွင်း ကိုဗစ်၁၉-​ရောဂါ​ ကြောင့် ​သေဆုံးသွား​သော မိသားစုဝင်များ၏လူမှု​ရေး ၊စီးပွား​ရေး ၊ကျန်းမာ​ရေး ၊မိသားစုဝင်များစားဝတ်​နေ​ရေးနှင့် အခက်အခဲများဖြစ်​ပေါ်လျှက်ရှိ​သောရပ်ကွက်များကို ကြိုတင်စာရင်း​ကောက်ယူပြီးကာလဒါန အလှူရှင်များကိုဖိတ်ကြား၍ လှူဒါန်းလျှက်ရှိရာ ယ​နေ့ နံနက်(၇)နာရီက ဘုန်း​တော်ကြီး​ကျောင်း (၄၈၁) ကျောင်း၊သာသနာ့နွယ်ဝင်သီလရှင်​ကျောင်း (၆၆၁)ကျောင်းနှင့် အိမ်​ထောင်စုဝင် (၁၀၀၀) ကို အ​ခြေခံစားသောက် ကုန်(၅)မျိုး ဆန်၊ဆီ၊ကြက်ဥ၊​ခေါက်ဆွဲ၊ကြာဆံတို့ကို အလှူရှင်​ကျော်ကုမ္ပဏီ ၊​ရွှေစင်္ကြာ​မော်​တော်ယဉ်လိုင်း၊ မင်္ဂလာဒုံရတနာ ဓါတ်ဆီဆိုင်တို့၏ ဝန်ထမ်းများက ဘုန်း​တော်ကြီး​ကျောင်း၊ သီလရှင်ကျောင်း နှင့် အိမ်များသို့ သွား​ရောက် လှူဒါန်းခဲ့​ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့်အောက်ဆီဂျင်အိုးကြီး (၃၂) လုံး အရည်ဖြည့်ပြီး ထပ်မံရောက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများ အသုံးပြုရန် ၄၀လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၃၂ လုံး အရည်ဖြည့်ပြီး လားရှိုးမြို့မှ ယမန်နေ့ ညပိုင်းက ထပ်မံရောက်ရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

ကောလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၅၀၀ အား ထပ်မံထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၅၀၀မှ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Subscribe to