တံတားဦးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၅၄၉၄ ဦး ထိုးနှံပြီးစီး

တံတားဦး  ဩဂုတ်  ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ် အထက်နှင့် သက်ကြီးရွယ်အိုများ၊ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းအထိ လူဦးရေပေါင်း ၅၄၉၄ ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်ရှိသောပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တံတားဦးမြို့နယ်အတွင်း ကူးစက်ရောဂါ မဖြစ်ရေး၊ ကြိုတင် ကာကွယ်နိုင်ရေး၊ ရောဂါကူးစက်မှု လျောနည်းရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသံချဲ့စက် ဖြင့်လှည့်လည်ပြီး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ထားရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ပြောကြားချက်အရ သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ဇူလိုင်လ(၃၁)ရက်နေ့မှ ယနေ့အထိ  အသက်(၆၅)အထက် သက်ကြီးဘိုးဘွား(၁၇၄၁)ဦး၊ ဘုန်းတော်ကြီးနှင့် သီလရှင်စုစုပေါင်း (၁၇၁)ဦး၊ စေတနာ့ရှင် ပရဟိတ(၄၄၀)ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၂၄)ဦးနှင့် နိုင်ငံဝန်ထမ်း(၆၆၈)ဦး နိုင်ငံဝန်ထမ်း မိသားစု(၅၆၄)ဦး ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၃၂)ဦး၊  ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်း (၃၉၈)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၄၂၈)ဦး၊ စူပါမားကတ် ဈေးရောင်းချသူ (၁၀၂၄)၊ စုစုပေါင်း(၅၄၉၄)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း ပြည်သူများကိုလည်း  ဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရဲတင့်(တံတားဦး)