မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယု ဩဂုတ် ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာတာဝန်ခံ မြို့ဦးစီးမှူး ဦးစိုင်းနေမွန်းငြိမ်း ဦးစီးသည့်အဖွဲ့များ၊ တာကြန့်အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့် တာဝန်ရှိရွာသူကြီးများအဖွဲ့တို့မှ ယင်းကျေးရွာရှိ နေထိုင်ကြ သော ရွာသူရွာသားများအား ပန်းခင်းစီမံချက်နှင့်  ပတ်သက်၍ ရွာသူ/သားများ နားလည်သဘော ပေါက်ရန်အတွက် ရှင်းလင်းဟောပြောခြင်းများ၊ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဟူ သည့် ဆောင်ပုဒ်နှင့်အညီ ရွာသူ/သားများအား မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လှဲလှယ်ပေးခြင်း၊ ပျက်စီး​/ပျောက်ပျက် သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု ဆိုင်ရာ မွေးဖွား/သေဆုံး အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှု များအား မိတ္တူထုတ်ပေးမှု ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/ လျှော့/ ပြောင်းဝင်/ ပြောင်းထွက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရုံးလုပ်ငန်း ချိန်အတွင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်