ဝက်လက် သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အောက်စီဂျင် လိုအပ်နေသော ဒေသခံပြည်သူများကို မန္တလေးမြို့ မြသုခ လူမှုကူရေးအသင်းမှ လာရောက် ၍ ယနေ့ နံနက် ၈ နာရီးအချိန်တွင် မေတ္တာရှင် လူမှုကူးညီးရေးအသင်းမှ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
အောက်စီဂျင်းများ အခမဲ့ဖြန့်ဝေပေးရာတွင် ယမန်နေ့ ကတည်က မေတ္တာရှင် လူမှုကူညီရေး အသင်းမှ၊ အောက်စီဂျင် အမှန်တကယ်လို အပ်နေသူများကို အိုခွံများ ယူဆောင်လာစေရန် အသိပေး အကြောင်းကြားထားရာ ယနေ့တွင် အောက်စီးဂျင်ကို လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေး ပေးခြင်းဖြစ်သည်။
အဆိုပါ အောက်စီဂျင်း ၄၀ လီတာအိုး ၊ အလုံး ၄၀ ကို မြသုခ လူမှုကူညီးရေးအသင်း ရန်ပုံငွေမှ၊ ဝက်လက်မြို့နယ်အတွင်ရှိ ဒေသခံပြည်များ၏ အောက်စီဂျင် လိုအပ်မှု အခက်အခဲကို သိရှိ၍ ယခုလို လာရောက်ကာ အခမဲ့ ဖြန့်ဝေပေးကြောင်း မန္တလေးမြို့ မြသုခ လူမှုကူညီးရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
စိုးစိုးလှိုင်(ဝက်လက်)