နမ့်ဆန် သြဂုတ် ၂၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက်၁၀ နာရီတွင် ပင်စင်လစာ လာရောက်ထုတ်ယူသူများအား ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အသိပညာပေးခြင်း လုပ်ငန်းများဖြစ်သည့် လက်ဆေးစေခြင်း၊ mask များတပ်စေခြင်း၊ တပ်ထားသည့် mask အဟောင်းကို အသစ်ဖြင့်လဲပေးခြင်း ဘဏ်ထဲသို့ ဝင်ရောက်ပြီး တစ်ဦးနှင့် တစ်ဦး ၃ ပေ ခြား၍ ထိုင်စေခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် လမ်းညွှန်ချက်နှင့်အညီ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးခဲ့ကြောင်းနှင့် ပြည်သူများ အသိသတိရှိကြရန် အသိပညာပေး၍ နှာခေါင်းစည်း(mask)များကို (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်
နမ့်ဆန်(ပြန်ဆက်)