ရန်ကင်းမြို့နယ် အခြေခံပညာကျောင်း ပေါင်း၂၀ တွင် မေ ၂၄ ရက်နေ့မှစတင်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ပညာရေးဌာန ဝန်ထမ်းများက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ပူတာအို၌ ၂၀၂၁-ခုနှစ် နွေရာသီအခြေခံ အေးရိုးဗစ်အားကစားသင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ၂၀၂၁-ခုနှစ် နွေရာသီ အခြေခံအေးရိုးဗစ်အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပဲခူးမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်က လူစည်ကား ရာ ရွှေသာလျောင်းဘုရား မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်

မူးယစ်ဆေးသုံးစွဲပြီးနောက် ဆေးဖြတ်ပြီး၍ ပြန်လည် ထူတောင်မှုပေးနေသည့် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၊ "မေတ္တာစံအိမ် (Half Way House) ခေတ္တနားခိုရာ" နေရာတွင် ပြန်လည်ထူထောင်မှု ခံယူနေသည့် ဒေသအသီးသီးမှ သင်တန်းသားများအား မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ၌ စာရေးဆရာမ ပေါက်ပေါက် က "စိတ်ဓာတ်မြှင့်တင်ရေး နှင့် လူမှုဘ၀နေထိုင်ရေး" ဘာသာအား ဆွေးနွေးပို့ချခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ ရှေ့ပိုင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တောင်ဥက္ကလာပ မြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉း၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကို ပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ အ၀တ်လျှော်ဆပ်ပြာချက် လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ် ၈ရပ်ကွက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဝတ်လျှော်ဆပ်ပြာချက်လုပ်နည်း သင်တန်းဆင်းပွဲကို‌ ယ‌နေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

မှော်ဘီမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to