မေတ္တာ ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင် ၊ မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေးအတွက် အသွားအလာကန့်သတ်ခြင်းများ လိုက်နာဆောင်ရွက်မှုရှိမရှိကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့်သေဆုံးမှုများရှိ၍ ကူးစက်ရောဂါပြန့်ပွား မှုထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ ၂၁ရက်နေ့မှစ၍ အသွားအလာကန့်သတ်မှုများကို အသိပေး ကြေညာလျက်ရှိထားပြီးဖြစ်ရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့အဝင်ဂိတ်များ ၊ မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံများတွင် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့က အဖွဲ့(၂)ဖွဲ့ ဖွဲ့ကာ အသွားအလာကန့်သတ်မှုများအား လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးအရေးယူဆောင်ရွက်လျက်ပြီး လိုက်နာမှုမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
မေတ္တာ ( ပြန်/ဆက်)