မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသုံးဦး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံ ဆင်းခွင့်ရသူ ၇၀ ဦးရှိလာ

မိုင်းယောင်း ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဩဂုတ် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၇၀ ဦးအထိ ရှိလာကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ဩဂုတ် ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြု လူနာ မိုင်းယောင်း ၈၅ ဦး၊ မိုင်းယု ၃၄ ဦး စုစုပေါင်း ၁၁၉ ဦးရှိ​ပြီး ယနေ့ ပိုးတွေ့လူနာသစ် လေးဦး သည် မိုင်းယောင်းမြို့မှဖြစ်ကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ မိုင်းယောင်း ၃၇ ဦး၊ မိုင်းယု ၃၃ ဦး စုစုပေါင်း ၇၀ ဦးဖြစ်၍ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ မိုင်းယောင်း ၄၈ ဦး၊ မိုင်းယု တစ်ဦး စုစုပေါင်း ၄၉ ဦးကျန်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဖျားနာကုဆေးခန်းတွင် ဩဂုတ် ၂၂ ရက်က အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ ဟောင်ကြန့်အုပ်စုမှ အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ဝမ်တပ်အုပ်စုမှ အမျိုးသားတစ်ဦးတို့ထံတွင် Positive တွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း