ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်၍ လူနေအိမ်များသို့ ရေများဝင်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရပ် ကွက်နှစ်ရပ်ကွက်ရှိ မြေနှိမ့်ပိုင်းတွင်နေထိုင်ကြသည့် ပြည်သူတို့၏ နေအိမ်ခြံ ဝင်းအတွင်းသို့ ရေဝင်ရောက် မှုများဖြစ်ပေါ်လျက်ရှိပြီး ကျေးရွာအချို့တိုမှာလည်း ရေဝင်ရောက် မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုး များ သွားရောက် လွှဲပြောင်းပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ နန်းတော်ရှေ့ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥတ္တရ မှ ဦးဆောင်၍ ယမန် နေ့ နံနက်ပိုင်းမှစတင်ပြီး အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို ကျေးရွာများအရောက် သွားရောက်လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည် ။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့ နံနက် (၇)နာရီမှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု ၊ ဟင်္သာဒုံးကျေးရွာတွင် ဩဂုတ်လ ၂၃ရက်နေ့ နံနက်(၁၁:၂၀)အချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တကူ(စံပြ)တိုက်နယ်ဆေးရုံသို့ ရန်ကုန်မြို့မှ အလှူရှင်မိသားစုမှ Oxygen Cylinder 40L အိုး(၁၀)လုံးနှင့် Oxygen Flow Meter (၁၀)ခုပေးပို့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများပေးပို့ လှူဒါန်းလျက်ရှိကြရာ ယနေ့ နံနက် ၁၀ နာရီတွင် အလှူရှင် ရန်ကုန်မြို့မှ ဒေါ်ကုတ်ဝါနှင့် သားသမီးများ မိသားစုက ပေးပို့လှူဒါန်းသော အောက်ဆီဂျင်ဖြည့်ပြီး အသင့်အသုံးပြုနိုင်သော Oxygen Cylinder 40L အိုး(၁၀)လုံးနှင့် Oxygen Flow Meter (၁၀)ခုတို့အား ဝမ်းမြောက်စွာ လက်ခံရှိကြောင်း တာဝန် ခံဆရာဝန် Dr.ဖြိုးမြင့်ကြည်ထံက သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ်လအတွက် အငြိမ်းစားများအား ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁-ခုနှစ်၊ ဩဂုတ်လ နိုင်ငံတော်မှအလုပ်ပိတ်ရက်များအတွင်း (၂၃)ရက်နေ့ ဘဏ်များပြန်လည်ဖွင့်လှစ်၍အငြိမ်းစားများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့  မွန်းလွဲ၂ နာရီအချိန်အထိ အငြိမ်းစားဝန်ထမ်း(၇၃)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်လမ်းများနှင့်အညီ   ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)မှ သိရှိရသည်။

ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း များအတွက် အသုံးပြုရန် PPE ဝတ်စုံများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာအဆိုပါလုပ် ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကသာမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးနိုင်ရေးအတွက် ခရိုင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဖွဲ့စည်းထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီမှ ဩဂုတ်လ(၂၃)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ကသာမြို့ရှိ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီးတိန်၌ ကမ်းဟောက်အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်မှုပြီးစီး

ချင်းပြည်နယ်၊ တီးတိန်မြို့စကောလမ်းရပ်ကွက်ရှိ ကမ်းဟောက်အားကစားကွင်းတွင် တည်ဆောက်လျက်ရှိသော ပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်း  ၁၀၀%ပြီးစီးကြောင်း သိရသည်။

ရေဦးမြို့တွင် ပထမအကြိမ်နှင့်ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၈နာရီက တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးရသေးသူများနှင့် ဒုတိယအကြိမ် ဆေးထိုးရမည့်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
Subscribe to