တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ်လအတွက် အငြိမ်းစားများအား ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီ    ဩဂုတ်   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁-ခုနှစ်၊ ဩဂုတ်လ နိုင်ငံတော်မှအလုပ်ပိတ်ရက်များအတွင်း (၂၃)ရက်နေ့ ဘဏ်များပြန်လည်ဖွင့်လှစ်၍အငြိမ်းစားများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့  မွန်းလွဲ၂ နာရီအချိန်အထိ အငြိမ်းစားဝန်ထမ်း(၇၃)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်လမ်းများနှင့်အညီ   ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)မှ သိရှိရသည်။

တနင်္သာရီမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်း ပေါင်း(၄၂၆)ဦး ထုတ်ယူရန်စာရင်းရှိကြောင်း၊ လကုန်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ထုတ်ပေးသွား မည်ဖြစ်ကြောင်း  သိရှိရသည်။

ထိုကဲ့သို့ ပင်စင်လစာငွေ  လာရောက်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက်

အငြိမ်းစား  ဝန်ထမ်းများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေး၍ ကူညီဖေးမခြင်း တို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် ဘဏ်မန်နေဂျာ ဒေါ်သန်းချိုဌေးက မေတ္တာရပ်ခံ ပန်ကြားထားကြောင်း   သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)