ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း များအတွက် အသုံးပြုရန် PPE ဝတ်စုံများ လှူဒါန်း

ငါန်းဇွန်  ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာအဆိုပါလုပ် ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ငါန်းဇွန်မြို့ အမှတ်(၄)ရပ် ကွက်နေ ဦးညွန့်မောင်နှင့်ဇနီး ဒေါ်စုစု (တက်နေလင်း နို့ချက်လုပ်ငန်း)မိသားစုမှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် လိုအပ်သလိုအသုံးပြုနိုင်ရန် PPE ဝတ်စုံ (၁၄၀)စုံကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံသို့ လာရောက်လှူဒါန်းသဖြင့် မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)က အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 သက်နောင်ဦး