ရေဦးမြို့တွင် ပထမအကြိမ်နှင့်ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရေဦး   ဩဂုတ်   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၈နာရီက တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးရသေးသူများနှင့် ဒုတိယအကြိမ် ဆေးထိုးရမည့်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ပထမအကြိမ်  ဆေးထိုးကြမည့်အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ အပါအ၀င် ဒေသခံပြည်သူ ၂၄၇ ဦးရှိပြီး၊ ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးမည့် နိုင်ငံ့၀န်ထမ်း မိသားစု၀င်များ၊  ဘော်လန်တီယာနှင့် သံဃာတော်များအပါအ၀င် လူဦးရေ ၆၀ ဦးတို့အား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ရေဦးမြို့နယ်အနေဖြင့်  ကိုဗစ်ပထမလှိုင်းက ကိုဗစ်ကာကွယ်ဆေး COVID SHIELD ဆေးထိုးနှံ နိုင်ခဲ့မှုနှစ်ကြိမ်၊  ကိုဗစ်တတိယလှိုင်းတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး စီနိုဖမ်း (Sinopharm) ခြောက်ကြိမ် စုစုပေါင်းလူဦးရေကိုးထောင်ခန့် ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန  ကာကွယ်ဆေးထိုးနှံပေးနိုင်မှု  စာရင်းဇယားများအရ  သိရသည်။