တီးတိန်၌ ကမ်းဟောက်အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်မှုပြီးစီး

                                                                                       တီးတိန်  ဩဂုတ်  ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့စကောလမ်းရပ်ကွက်ရှိ ကမ်းဟောက်အားကစားကွင်းတွင် တည်ဆောက်လျက်ရှိသော ပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်း  ၁၀၀%ပြီးစီးကြောင်း သိရသည်။


အဆိုပါ ပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်းသည် ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏  ငွေလုံးငွေရင်းခွင့်ပြုငွေကျပ်သန်း၂၄၀ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ZomiLand DevelomentCo;ltdက တာဝန်ယူတည်ဆောက်ထားသော RCနှစ်ထပ် ၁၈၀' , ၂၂' ရှိသော ပွဲကြည့်စင် ဖြစ်‌ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)