စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများထုတ်ပေး

စဉ့်ကိုင်  သြဂုတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့နံနက် (၇)နာရီမှ စတင်၍ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျှက်ရှိကြောင်း  သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ  ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဘဏ်ရုံးအ၀င်တွင် လက်ဆေးဘေစင်၊လက်သန့်ဆေးရေများ၊ လက်ဆေးဆပ်ပြာ များထားရှိ ပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာဘဏ်ရုံးအတွင်း၀င်ရောက်စေခြင်း၊တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင်စီစဉ်ထားရှိပြီး  ပင်စင် လစာထုတ်ယူသူ အငြိမ်းစား၀န်ထမ်းများ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငှာရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင်ထုတ်ပေးလျှက်ရှိပြီး လစဉ်(၂၃)ရက်နေ့မှ  လစာထုတ်ရက်မတိုင်မီ အထိနေ့စဉ် နံနက်(၇)နာရီ မှညနေ(၃)နာရီ ထိ လူစုလူဝေးမဖြစ်ပေါ်စေရန် စနစ်တကျထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

  ညိုညို၀င်း