ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေး
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးရဲထွန်းဦး၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မေလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိ ဈေးရုံသစ်(၄)ရုံ တည်ဆောက်ရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။