မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား(၅)ခရိုင် အမျိုးသား အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
၂၀၂၁ ခုနှစ် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား(၅)ခရိုင် အမျိုးသား အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မကွေးခရိုင် အားကစားကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်ကြည့်ရှု အားပေး ကာ၊ ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မကွေးခရိုင်အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။