ကျောက်တော်မြို့ရှိ မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့်သား/ငါးတန်းစသောနေရာများ၌ We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့် အသား/ငါးရောင်းချသောနေရာများတွင် ယနေ့ နံနက် ၈ နာရီက We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။