မြို့သစ်မြို့နယ် အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

မြို့သစ် မေ ၁၈

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင် စေရေးအတွက်  မေလဆန်းပိုင်းမှစတင်၍ မြို့နယ်/ကျေးရွာများရှိ ကျောင်းအုပ်ဆရာများနှင့် အတန်းပြ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာ    တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကျေးရွာအုပ်စုအလိုက် ခွဲကာ ကျောင်းများ သန့်ရှင်းသာယာလှပစေရန်အတွက် သွားရောက် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကျောင်းများဖွင့်လှစ်ရာတွင် Covid-19 ကာကွယ် ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ လူစုလူဝေး မဖြစ်ပွားစေရန် မနက်ပိုင်း/ ညနေပိုင်းအတန်းများ ခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ပြီး (Mask) များနှင့် မျက်နှာအကာ (Face Shield) များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ ကျောင်းသားများ လက်ခံရာတွင် အခကြေးငွေကောက်ခံခြင်းများ လုံးဝကောက်ခံခြင်း မရှိပါကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အတွက် လိုအပ်သော ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံ စသော စာရေးကိရိယာများကို ကျောင်းအပ်သည့် နေမှစ၍ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဇော်