လှိုင်းဘွဲ မေ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူး ဒေသ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်က တက်ရောက် သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် မြိုင်ကြီးငူအိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်း ကျောင်းအုပ်၊ ဆရာမများနှင့်သင်တန်းသူ(၂၄)ဦးတက်ရောက်သည်။
အဆိုပါသင်တန်းအား သင်တန်းကာလ (၁၈)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲ မြို့နယ်အတွင်းရှိ ငယ်ရွယ်သူ အမျိုးသမီးလေးများအား အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင် စီးပွားရေး အဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး ရေရှည်ဘဝ ရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲ နွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)