မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား(၅)ခရိုင် အမျိုးသား အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေး     မေ     ၁၈

၂၀၂၁ ခုနှစ် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား(၅)ခရိုင် အမျိုးသား အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မကွေးခရိုင် အားကစားကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက  ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်ကြည့်ရှု အားပေး ကာ၊ ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မကွေးခရိုင်အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီ ညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက် မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ  မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ ဖလား (၅) ခရိုင် အမျိုးသား အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ကို မေလ ၇ ရက်နေ့က စတင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင်အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး၊ တံခွန်စိုက်ဆုဖလားရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား(၂၅)မြို့နယ် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် ပထမဆုကို ဆွဲပြား၊ ဆုကလပ်နှင့် ငွေသား (၅၀၀၀၀၀/-) ကျပ်ကိုလည်းကောင်း၊ ဒုတိယဆုကိုဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု(၄၀၀၀၀၀/-) ကျပ်ကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် အတန်းလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို တစ်ဦးလျှင် ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု (၂၅၀၀၀/) စီတို့အား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ