တာလေမြို့၌ ဘောင်စနစ်အသုံးပြု၍ ဇကာပိုက်ဖြင့်ပျိုးထောင်စိုက်ပျိုးသည့် (ဘာစမတီ) မျိုးစပါး စမ်းသပ်စိုက်ပျိုးကွက် (၅)ဧက စတင်ရိတ်သိမ်း

တာလေ မေ ၁၈ ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၌ ပြောင်းလဲလာသည့် ရာသီဥတုကိုအခြေခံ၍ ဒေသခံတောင်သူများ၏ ဈေးကွက်လိုလားချက်နှင့် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းတိုးပြီး‌ ဈေးနှုန်းပိုမိုရရှိသည့် (ဘာစမာတီ)မျိုးစပါးကို ဘောင်စနစ်အသုံးပြုပြီး စကာပိုက်ဖြင့် ပျိုးထောင်စမ်းသပ်စိုက်ပျိုးသည့် နွေစပါး(၅)ဧကကို ယမန်နေ့က စတင်ရိပ်သိမ်းကြောင်းသိရသည်။ “ဒေသအတွင်းတောင်သူများ အများအပြားစိုက်ပျိုးသည့် ဆင်းဧကရီ(၃)စပါးမျိုးဟာ အထွက်နှုန်း ကောင်းမွန်သော်လည်း ပြည်ပသို့တင်ပို့ရောင်းချရာတွင် ဈေးကောင်းမရသဖြင့် တောင်သူများအတွက် တွက်ခြေမကိုက်သောကြောင့် စပါးအထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းပြီး ဈေးကွက် အလားအလာ ပိုမိုကောင်းမွန်သည့် (ဘာစမာတီ) စပါးမျိုးကို ရွေးခြယ် စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး စမ်းသပ်စိုက်ပျိုးခြင်း” ဖြစ်သည်။ တာလေမြို့တွင် “‌ ပြောင်းလဲလာသည့်ရာသီဥတုကို အခြေခံ၍ ဒေသခံတောင်သူများ၏ ဈေးကွက် လိုလားချက်နှင့် မျိုးကောင်းမျိုးသန့်လည်းဖြစ်၊ စပါးအထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းပြီး ဈေးနှုန်းပိုမိုရရှိသည့် (ဘာစမာတီ) မျိုးစပါးကိုဘောင်စနစ်အသုံးပြုပြီး ဇကာပိုက်ဖြင့် ပျိုးထောင်ကာ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၂)အတွင်း စမ်းသပ်စိုက်ပျိုးခဲ့သည့် နွေစပါးလယ် (၅)ဧကကို ရိတ်သိမ်းနေခြင်းဖြစ်ကြောင်းနှင့်ထွက်ရှိလာမည့် စပါးများကို ယခုနှစ်စပါးစိုက်ရာသီတွင် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်‌စေရန် စပါးမျိုးများကို တောင်သူလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဝေပေးသွားမည်ဟု ”စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်း ထံမှသိရသည်။ တာ လေ (မြို့နယ်၊ပြန် / ဆက်)