အုတ်ဖို မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ မြို့နယ်အတွင်းဖွင့်လှစ်လျှက်ရှိသည့် ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းမှ မောင်မယ်များအား အာဟာရဒါနကျွေးမွေး လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်မှုတွင် အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နေဇင်ယုနှင့် အဖွဲ့ဝင်များ သည် ကျွန်းကောက်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် အလယ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာ တော်တို့အား လှူဖွယ်ဝတ္ထူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ယဉ်ကျေးမှုသင်တန်းသား မောင်မယ်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
ထို့နောက် ယဉ်ကျေးမှုသင်တန်းသား မောင်မယ်များအား အဟာရဒါနကျွေးမွေး လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါ ဘုန်းတော် ကြီး ကျောင်း(၂)ကျောင်းတွင် သင်တန်းသားသင်တန်းသူ(၈၃)ဦး ရှိကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)