လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာတွင် ယဉ်ကျေးလိမ္မာ/ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ

လှိုင်းဘွဲ  မေ  ၁၈

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာတွင်  ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ /စမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဒိုင်းပြကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ နာမောတသသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့မကျောင်း ဆရာတော်၊ မဲဆမိတ်ကျောင်းဆရာတော်၊တောရကျောင်းဆရာတော်၊ ဒိုင်းပြကုန်းကျောင်းဆရာတော်တို့မှ အသီးသီး ဩဝါဒစကား မိန့်ကြားခဲ့သည်။ ထို့နောက် ကျေးရွာသားတစ်ဦးက ယဉ်ကျေးလိမ္မာ/ ဓမ္မစကူးလ် သင်ကြားမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတွင် ဆုရရှိသူများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါသင်တန်းကို ဧပြီလ(၃၀)ရက်နေ့က စတင်ဖွင့်လှစ်ပြီး ဆရာတော် ဦးဉာဏောဘာသက ဦးဆောင်ကာ ဆရာ/မ(၅)ဦးဖြင့် သင်တန်းသား(၁၀၇)ဦး၊သင်တန်းသူ(၁၉၀)ဦးဖြင့် (၁၅)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)