အိမ်မဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းများဖြစ်သော မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြင့် သတ်မှတ်ထားကြောင်း၊ ဇွန်လ(၁)ရက်နေ့ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ရေးအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံချိန်တွင် အခမဲ့ပေးမည့်ပစ္စည်းများကို တစ်ပါတည်းပေးရန်နှင့် မည်သည့်ငွေကြေး မည်သည့်ပစ္စည်းမျှ ကောက်ခံခြင်း၊ ရောင်းချခြင်းမပြုရန်အကြောင်း အစရှိသည့် ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက ကျောင်းအပ်နှံရေး ကိစ္စရပ်များအား သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ရာ ခရိုင်ပညာရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အလားတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးမှူးတိုမှ အ-ထ-က(၂) ပညာ့ဗိမာန်ခန်းမ၌ မြို့နယ်ပညာရေး ဝန်ထမ်းများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံပြီး ကျောင်းအပ်နှံရေးကိစ္စရပ်များအကြောင်းကို ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)