ကျိုက်ဒုံ မေ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club)စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်လင်းနိုင်မှ စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာတွင် စာဖတ်သည့်အလေ့အကျင့်များ ရရှိလာစေရန်၊စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းတွင် နန်းအေးအေးချိုမှ စာရေးဆရာဖေမြင့်ရေးသားထားသော ''အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း'' စာအုပ် အားစတင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများမှ မိမိတို့ကြိုက်နှစ် သက်ရာ ခေါင်းစဉ်များဖြင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ကျိုက်ဒုံ)ပြန်/ဆက်