မိုးနဲမြို့ စည်ပင်သာယာရေးဌာနသို့ မီးသင်္ဂြိုလ်စက်နှင့်ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်

 

မိုးနဲ   မေ   ၁၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေးကော်မတီမှ မီးသင်္ဂြိုလ်စက်နှင့်ဆက်စပ်ပစ္စည်းများကို မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်ပေးအပ်ခြင်း အခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊ မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးစိုင်းထွန်းလှ တို့ကအမှာစကား အသီး သီး ပြောကြားခဲ့ပြီး မီးသင်္ဂြိုလ်စက်တည်ဆောက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းအေးသန်း က မီးသင်္ဂြိုလ်စက်တည် ဆောက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း ၊ဘဏ္ဍာရေးမှူး ဦးစိုင်းလှအေးက တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ငွေစာရင်းရှင်းတမ်းကိုလည်းကောင်း အသီးသီးရှင်းလင်းခဲ့သည်။ တိုင်ရင်းသားသုဿန် မီးသင်္ဂြိုလ်စက်နှင့် ဆက်စပ်ပစ္စည်းများကို မီးသင်္ဂြိုလ်စက် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းလှက လွှဲပြောင်းပေးအပ်ရာ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း ကလက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားသုဿန်မီးသင်္ဂြိုလ်စက် ဖြစ်မြောက်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစိုင်းမျိုးသန့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုင်းရင်းသားသုဿန်အတွင်းရှိ မီးသင်္ဂြိုလ်စက်ကို ၂၀၂၀ခုနှစ် ဧပြီလတွင် စတင် တည်ဆောက်ခဲ့ပြီး မီးသင်္ဂြိုလ်စက်လောင်တိုက် နှင့်အဆောက်အဦး၊ဝန်ထမ်းအိမ်ရာ ၊တရားနာဇရပ် ၊စောင်းတန်းနှင့်စင်္ကြန်လမ်း ၊အရေးပေါ်မီးစက်အဆောက်အဦးနှင့် မီးစက်ဒိုင်နမို အုပ်စုံတို့ပါရှိကာ စုစုပေါင်းကုန်ကျငွေကျပ် သိန်းတစ်ထောင်ဖြစ်ကြောင်း မီးသင်္ဂြိုလ်စက်တည်ဆောက်ရေး ကော်မတီမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 မျိုးညွန့်ရွှေ (မိုးနဲ)