ကျိုက်ဒုံမြို့၌ အုတ်စီရေမြောင်းနှင့်ရေမြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၃.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ မကွေးလမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာနှင့်ပန်းချီ ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ကဗျာနှင့်ပန်းချီပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ဇန်နဝါရီ ၂၈ ရက်နံနက် (၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဌာနဆိုင်ရာများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လိုင်စင်ရဆိုင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ပြုလုပ်မည့် သပိတ်များဖြစ်သော အသံတိတ်သပိတ်၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီး ခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဌာနဆိုင်ရာများနှင့် ယစ်မျိုးလိုင်စင်ရဆိုင်များ၊ ဘိလိယက်ခုံလုပ်ငန်း လိုင်စင် ရများ ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများအား သတင်း ထုတ်ပြန်ချက်ကို သိရှိလိုက်နာနိုင်စေရေး လှည့်လည် အသိပေးကြေညာ

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇန်နဝါရီလ ၂၅ရက်နေ့ သတင်းထုတ်ပြန်ချက်အား ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်နေ ပြည်သူများ သိရှိလိုက်နာနိုင်စေရေး၊ ပြည်သူများသို့ အသိပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီမှစတင်၍  မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများတွင် ပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်SilentStrike(အသံတိတ်သပိတ်)နှင့်ပက်သက်ပြီးဒေသခံပြည်သူများသိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ က ည ၆ နာရီမှစ၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းဆုံရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြသည်။

ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ ရွှေတိဂုံပုံတူ စေတီအရှေ့၊ တံတားဂိတ်နှင့် အမှတ်(၄)ရပ်ကွက်၊ လမ်းဆုံတို့၌ ဖြတ်သန်းသွား လာနေကြသည့် မော်တော် ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် လက်မှတ်မရှိသူ များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to