တနိုင်း ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ပြုလုပ်မည့် သပိတ်များဖြစ်သော အသံတိတ်သပိတ်၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီး ခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဌာနဆိုင်ရာများနှင့် ယစ်မျိုးလိုင်စင်ရဆိုင်များ၊ ဘိလိယက်ခုံလုပ်ငန်း လိုင်စင် ရများ ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အသံတိတ်သပိတ်ပြုလုပ်ခြင်းများ မဖြစ်ပေါ် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ယစ်မျိုးလိုင်စင်ရဆိုင်များနှင့် ဘိလိယက်ခုံလိုင်စင်ရဆိုင်များ စုစုပေါင်း(၇၀)ဦးနှင့်တွေ့ဆုံ၍CRPH၊ NUGနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ် များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို ကြောက်ရွံထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၁)ရက်နေ့တွင် အသံတိတ် သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊လက်ခုပ်တီးခြင်း၊ အားပေးကူညီခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများ ထပ်ဆင့်မျှဝေခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော် ထုတ်ခြင်း တို့ပြုလုပ်ပါက ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)၊ ၅၀၅ (က)၊ အီလက် ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က) နဲ့ တည်ဆဲဥပေဒများအရ အေရးယူ ခံနိုင်သည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံနိုင်ရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ချပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်း တစ်ခုခုဖြင့်ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ကြစေရန်အတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းဂွများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး သွားမည်ဖြစ်ပြီး၊စျေးဆိုင်များ မပိတ်သိမ်းရေးကို မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းနှင့် လှည့်လည်ကြေညာခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြေငြာခြင်းများကို ဆောင်ရွက် သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)