ကျိုက်ဒုံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၃.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ မကွေးလမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ဆောင်ရွက်ရာတွင်ရေမြောင်းပေအရှည်(၇၆၀)ပေ၊အကျယ် (၂)ပေ၊ အနက်(၃)ပေရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အုတ်စီရေမြောင်းအဖုံးဖုံးခြင်းလုပ်ငန်းကိုအမြန်ဆုံး ပြီးစီးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ရာယမန်နေ့ညနေပိုင်းက ရေမြောင်းအဖုံး ဆောင်ရွက်ခြင်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းသိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)(ပြန်/ဆက်)