ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပလောက်   ဇန်နဝါရီ    ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ ရွှေတိဂုံပုံတူ စေတီအရှေ့၊ တံတားဂိတ်နှင့် အမှတ်(၄)ရပ်ကွက်၊ လမ်းဆုံတို့၌ ဖြတ်သန်းသွား လာနေကြသည့် မော်တော် ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် လက်မှတ်မရှိသူ များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ် ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ဟိတကာရီလူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများ ကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်းနှင့် လက်မှတ်မရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်