သံတောင်ကြီး ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များလက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့်အပြင် ထွက်ပါက လူတိုင်း Maskကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင် တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ သည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင် လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နော်နော်မူ