အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင် ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဖြန့်ဖြူးထောက်ပံ့သော ဒေသဝက် (၁၀)ကောင်ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။