မိုးကောင်း ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ကဗျာနှင့်ပန်းချီပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ဇန်နဝါရီ ၂၈ ရက်နံနက် (၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကဗျာကို ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၈)ဦးတို့က ညီညွတ်ရေးစွမ်းအားပြည်ခွန်အား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်ပန်းချီကို ကျောင်းသား(၁)ဦး ကျောင်းသူ(၉)ဦးတို့က လွတ်လပ်ရေးသမိုင်းအလံဝေညီညွတ်မှုသက်သေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖြေဆိုကြောင်း သိရသည်။
သန်းလွင်ဦး