ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများအား သတင်း ထုတ်ပြန်ချက်ကို သိရှိလိုက်နာနိုင်စေရေး လှည့်လည် အသိပေးကြေညာ

ချမ်းအေးသာစံ  ဇန်နဝါရီ     ၂၈

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇန်နဝါရီလ ၂၅ရက်နေ့ သတင်းထုတ်ပြန်ချက်အား ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်နေ ပြည်သူများ သိရှိလိုက်နာနိုင်စေရေး၊ ပြည်သူများသို့ အသိပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါအကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေ သောအဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီး ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော် မှုများလူမှုကွန်ရက်များ၌ ပြန့်နှံ့နေသည်ကို တွေ့ရှိရပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေ သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများပျက်ပြားစေရန် ရည်ရွယ်လက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကိုလူမှုကွန်ရက်များမှတဆင့် နည်းမျိုးစီဖြင့် ပြုလုပ်လျက် ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်း ဖြင့်ဖြစ်စေ၊ အများပြည်သူအနှောက် အယှက်ဖြစ်စေမည့်ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများကိုထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊     ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲ ဥပဒေများ အရအရေးယူ ခံရနိုင်ပါသည်။

ထို့အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါကနိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ CRPH NUG နှင့် ယင်းတို့    လက်အောက်ခံအဖွဲ့အစည်းများ၊   ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော် ဝါဒဖြန့်မှုများအပေါ် ပြည်သူများအနေဖြင့်လိုက်ပါ ပြုလုပ်ခြင်းသည် အကြမ်းဖက် လုပ်ငန်းများကို အားပေးကူညီရာရောက်သဖြင့် ထိုသို့မပြုလုပ်ကြရန်နှင့်  ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သောအချက်များ ကိုပြည်သူများ သိရှိလိုက်နာနိုင်စေရန်  လှည့်လည် အသိပေးကြေညာခြင်းနှင့်   လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြောင်း သိရှိရသည်။

ထိပ်ထားနိုင်(ပြန်/ဆက်)