အင်္ဂပူ၊ ဇန်နဝါရီလ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်SilentStrike(အသံတိတ်သပိတ်)နှင့်ပက်သက်ပြီးဒေသခံပြည်သူများသိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ က ည ၆ နာရီမှစ၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့နှိုးဆော်အသိပေးထုတ်ပြန်ရာတွင်အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသောCRPH၊NUGနှင့်ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှနိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်၊ပြည်သူလူထုအားကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီးလက်ခုပ်တီးခြင်း၊သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်းများစသည်အသံတိတ်သပိတ်ပြုလုပ်ရန်လှုံ့ဆော်မှုများလူမှုကွန်ရက်များ၌ပျံ့နှံ့နေသည်ကိုတွေ့ရှိရပါသည်။
အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရအရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းများ ပါဝင်ကြောင်းသိရသည်။
မြို့နယ်