ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယနေ့ တွေ့ဆုံရခြင်းသည် နိုင်ငံတော်က ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နှစ်ပတ်လည်ပြုလုပ်မှာဖြစ် သည့်အတွက် အကြမ်းဖက် အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သော CRPH၊ NUG များက နှစ်ပတ်လည်နေ့တွင် သပိတ်မျိုးစုံပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အကြောက်တရားဖြင့် လိုက်ပါဆောင်ရွက်ခြင်း မပြုနိုင်ရေး ခေါ်ယူတွေ့ဆုံရခြင်းဖြစ် ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သော သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်က ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သောကြောင့် ပြည်သူများနှစ်နာမှုမရှိအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ အနေဖြင့် ပြည်သူများသိရှိအောင် ထပ်ဆင့်မျှဝေပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ညွန့်က မိမိတို့မြို့နယ်အနေဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ကောင်းရှိသဖြင့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှလည်း မိမိတို့ရုံးဌာန လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို ညနေ ၄ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)