ကော့ကရိတ်မြို့၌ Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  ကော့ကရိတ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ သတင်းထုတ်ပြန်ချက် စာစောင်များအား လိုက်လံဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ စျေးဆိုင်များ စက်ရုံ အလုပ်ရုံများနှင့် တွံတေး-လှိုင်သာယာ၊ တွံတေး- ဒလ၊ တွံတေး - မအူပင် ကားလမ်းမဘေးရှိ စျေးဆိုင်၊ စားသောက်ဆိုင်များအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ပုံမှန်ရောင်းချရေး သတင်း ထုတ်ပြန်ချက် စာစောင်များအား ယနေ့ နံနက်ပိုင်းက စတင်လိုက်လံဖြန့်ဝေခြင်း၊ အသံ ချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် ပါဝင်မှုမရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် လူမှုကွန်ရက်များတွင်ပျံနှံ့နေသော လှုံ့ဆော်မှုများ၌ အများ ပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်၊ ရပ်ကွက်ကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ၊ အိမ်ဆိုင်၊ ဈေးဆိုင်များ၌ ဒေသခံပြည်သူများအား ပိုမိုသိရှိစေရန် ​အသိပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများ တွင်ရောက်ရှိနေ သော တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်မြို့ရပ်ကွက်ရှိ (၂၅၀၀) ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆန်စပါးဖူလုံရေး မိုးစပါးရာသီမှစတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဆန်စပါးဖူလုံရေးအတွက်လာမည့်မိုးစပါးရာသီမှစတင်၍အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ(၂၆)ရက်နေ့က မချမ်းဘော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်တောင်သူများအား ပူတာအိုဒေသ ဆန်စပါးဖူလုံရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကိုတွေ့ဆုံ မေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့ပါသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ်သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

လွိုင်လင်မြို့၌ အများပြည်သူများသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒုတိယနေ့အဖြစ် မြို့မဈေးကြီးနှင့် အများပြည်သူသွားလာနေသော လမ်းဆုံများ၊ ရပ်ကွက်အတွင်းလမ်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to