မူဆယ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းဆုံရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ လိုက်လံအသိပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ရာတွင် ဆိုင်ခန်း ပေါင်း(၉၆)ဆိုင်အား ပုံမှန်ဖွင့်လှစ်ရောင်းချရေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုင်ခန်းများအရောက် လိုက်လံ အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ် ပြန်/ဆက်