အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းရှိ နေအိမ်များမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

အမာ    ဇန်နဝါရီ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို အမာမြို့၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် အမာမြို့၊ မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးရန်နိုင်လင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ(၂၆)ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း အလှည့်ကျ သွားရောက်ကာ ရပ်ကွက်အတွင်းရှိ ပြည်သူလူထုအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကိုစနစ်တကျ အသုံးပြုစေရေး၊  လျှပ်စစ်မီးအသုံးပြုသူ မိဘပြည် သူများအနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာ ကြိုးများ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွှန်မှာကြား ခဲ့ကြကြောင်းသိရသည်။

အမာ(ပြန်/ဆက်)