သီပေါ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများ လိုက်ပါဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က လူစည်ကားသည့် မြို့မဈေး၊ ဝက်ဝံယာယီပျံကျဈေးနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်တွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ facebook account များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိဘဲ အဆိုပါလှုံ့ဆော်ခြင်းများအား လိုက်ပါ ပြုလုပ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်းများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း စသည့်အကြောင်းအရာများအား အသိပညာပေး နှိုးဆော်ခဲ့ကြ ကြောင်းနှင့် လက်ကမ်းစာစောင်(၅၀၀)စောင်အား မြို့မဈေး၊ ဝက်ဝံယာယီပျံကျဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များနှင့်ရပ်ကွက်များအတွင်းရှိ အိမ်ဈေးဆိုင်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ခရီးသွား ပြည်သူများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)