ကံမမြို့ အမှတ်(၂)ရပ်ကွက် ခန်းမရုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

ကံမ ဇန်နဝါရီ  ၂၈

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ      အမှတ်()ရပ်ကွက်ရှိ ချို့ယွင်းပျက်စီးနေသော ခန်းမရုံလမ်းအား လမ်းသွားလမ်းလာ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့်    ကွန်ကရစ်လမ်းမှာ   အရှည် ၂၀၀ ပေ   အနံ  ၁၂ ပေ၊  ထု လက်မအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း   ကံမမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)