ထားဝယ် ဇန်နဝါရီ ၂၈
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရန်နှင့် သဘာဝဘေးအပါအဝင် အခြားသောအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် တူညီဝတ်စုံယူနီဖောင်းများကို နိုင်ငံတော် က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏စေတနာကို အသိအမှတ်ပြုပြီး ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းလိုကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြား ပေးခဲ့သော သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ကြရန်နှင့် ဆင့်ပွားပညာပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေး အပ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းသုံးတူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကေကေအယ်လ်(ထားဝယ်)