တံတားဦးမြို့နယ်တွင် အစိုးရ၏ သတိပေးထုတ်ပြန်ချက်များ ပြည်သူများ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

တံတားဦး ဇန်နဝါရီ ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် ယမန်နေ့ည(၇)နာရီက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH/NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုတ်တီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန်လှုံဆော်မှုများ လူမှုကွန်ယက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

 အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား လိုက်လံအသိပေး နှိုးဆော်ကြကြောင်း သိရသည်။

ရဲတင့်