ရွှေဘို ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ဆဌမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထို့သို့ ဆဌမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်၍ အသက်(၁၈)နှစ် အထက်၊ နိုင်ငံဝန်ထမ်းများ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေး ကျောင်းများ၊ ဈေးသူ/သားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဖြစ်သည်။
အဆိုကာကွယ် ဆေးထိုးခြင်းကို ရွှေဘိုမြို့ပေါ်ရှိ မြို့တော်ခန်းမတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)