ရွှေဘို ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် မလားကျေးရွာတွင် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း ကျောက်မြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ ကျောက်မြောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများဖြစ်သော မျိုးကောင်း မျိုးသန့်မျိုးစေ့များ အသုံပြုခြင်းကိုလည်ကောင်း၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်းများကို လည်ကောင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိန်ကိုက် အချိုးကျ အသုံးပြုနည်းများ ကိုလည်းကောင်း ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေး ကွင်းဝန်ထမ်းများနှင့် တောင်သူ(၂၆)ဦး တက်ရောက်ခဲ့ပြီး ယခုလိုသင်တန်းများ ပို့ချခြင်းကြောင့် သီးနှံအထွက်နှုန်းများ တိုးတက်ပြီး သီးနှံအရည်အသွေးများ တိုးတက်မြင့်မားလာခြင်းအားဖြင့် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်လာပြီး တောင်သူများ ဝင်ငွေတိုးတက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းအေးမှ ပြောကြားသည်။
မြို့နယ်(ပြန်/ဆက်)