ပေါက်တော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ပေါက်တော ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦးတို့က  "ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၃)ဦးတို့က "နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်" ခေါင်းစဉ်ဖြင့် လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ကျ  ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများသည် ပြည်ထောင်စုနေ့ကို မမေ့မလျော့ကြစေရန်၊ ပြည်ထောင်စုနေ့ကို မြတ်နိုးတန်ဖိုးထား တတ်စေရန်နှင့် ကာကွယ် စောင့်ရှောက် တတ်စေရေန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပရခြင်းဖြစ်ပြီး၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)