ပြည်ကြီးမဏ္ဍိုင်မြို့တွင် နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာစေရေး ဌာနဆိုင်ရာများနှင့်ဈေးကော်မတီဝင်များအားတွေ့ဆုံဆွေးနွေး

ပြည်ကြီးမဏ္ဍိုင်   ဇန်နဝါရီ      ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ဌာနဆိုင်ရာများနှင့် ဈေးကော်မတီ  အဖွဲ့ဝင်များအား  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များအား သိရှိနိုင်ရန် ချပြဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက် ကမိမိတို့မြို့အတွင်းရှိဆိုင်ရှင်များသိရှိနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH ၊ NUG များက နှစ်ပတ်လည်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ဆိုင်ပိတ်ခြင်း၊သံပုံးတီးခြင်း၊ Silent  Strike (အသံတိတ်သပိတ်) ပြုလုပ်မည်ဖြစ်၍ ပါဝင်မှုမရှိစေရေးနှင့် အကြောင်းမဲ့ ဆိုင်ပိတ်ခြင်းများ မပြုလုပ်ကြရန် အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ကျစေရေးအတွက်  ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်းနှင့်  လိုက်ပါဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူခံရမည့် အခြေအနေများကို  ရှင်းလင်းပြောခြင်း၊ ဌာနဆိုင်ရာ  ဝန်ထမ်းများအား  ထပ်ဆင့်  အသိပေး ရှင်းလင်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဌာနများအနေဖြင့်လည်း  သက်ဆိုင်ရာ ကဏ္ဍ အလိုက် လက်ဆင့်ကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသွားရန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ကေခိုင်ဝင်း(မဏ္ဍိုင်၊ပြန်/ဆက်)